6/14/2007

8888Student: ၏ရင်ဖွင့်ချက်များ..

ကျောင်းသား ဆို တာနဲ့ ပြောပါ ရ စေ၊ခေတ် အချိန် ကာလ တွေ ဘယ် လိုပဲ ပြောင်း ပြောင်း ကျောင်းသား ဟာ ကျောင်းသား ပါ ဘဲ၊

ဘာလို့ လဲ၊ ကျောင်းသား စိတ်ဓါတ် ဆိုတာ ကြောင့် ပါ၊

၁၉၈၈..တုန်း က ကျွန်တော် ဟာ.နောက် ဆုံးနှစ် ကျောင်းသား တစ်ဦးပါ။

ကျောင်းသား တွေကို အစိုးရ ကမတရား ဖိနှိပ် လွန်း တယ်၊တရား မျှ တစွာနဲ့  တောင်း ဆို မှုတွေ ကိုလစ်လျှူ ရှု ပြီး အုပ် ချုပ် သူ တွေ က သူတို့  ဘက် ကို သာ ဘက်လိုက်ခဲ့တယ်။

နောက်ဆုံး ငြိမ်းချမ်း စွာ တရား မျှတမှု ကိုတောင်း ဆို နေတဲ့ကျောင်းသူ ကျောင်းသား တွေ ကို စစ်မြေပြင် မှာသာ သုံး ရတဲ့ သေနတ် လက်နက် တွေနဲ့  ပစ်ခတ် သတ်ဖြတ် ခဲ့တယ်၊

ကျွန်တော် တို့ မမှီခဲ့ တဲ့ ၁၉၇၄ ဦး သန့် အရေး အခင်း တုန်း က ဖြစ်ပျက် ခဲ့တာ တွေကို ကြားခဲ့ ရ တဲ့ ကျွန်တော် တို့ လက်တွေ့  မှာ တွေ့ ကြ ရ ပြီ၊

ဒီနေရာမှာ ဘယ် ခေတ် ကကျောင်းသား ဘဲ ဖြစ် ဖြစ် မ တရားမှု ကိုငုံ့ မခံ တတ်တဲ့ ကျောင်း သား စိတ် ဓါတ် ဆိုတာ ကျွန်တော် တို့ရဲ့ အသွေး အသား ထဲ က နေ အ လို လို ပေါ်ထွက် လာ ပြီ၊ ရှင်း ရှင်း လေး ဘဲ၊

ဒီ အစိုးရ ကျောင်းသား တွေ ကိုရက်..ရက် စက် လွန်း တယ်၊ လူငယ်ပီပီ ကျောင်းသား အရွယ်၊ ကျွန်တော် တို့ ကို အပြစ် မရှိ တဲ့ သူ တွေ ကိုသတ် တယ် ဗျာ။ ကျောင်း သား ထိရင် ကျောင်း သား စိတ် ပေါ် လာ တာ ဘဲ။

အ စ မှာ ဘာ မှ ကျွန် တော်တို့ နိုင် ငံရေး တောင်း ဆို ချက် တွေ တောင်းဆို ခဲ့တာမဟုတ် ဖူး၊ အသတ် ခံ ရ တဲ့ စက်မှု တက္ကသိုလ် က ကို ဖုန်းမော် ကိစ္စ စုံ စမ်း စစ် ဆေး ပေး ဖို့ ပြော တယ်၊

၁၉၆၂ တုန်း က ဒိုင်း န မိုက် ခွဲပြီး ဖျက်ဆီးပြစ် ခဲ့ တဲ့ ကျောင်းသား သမဂ္ဂ အ ဆောက် အ ဦး ကို ပြန် ဆောက် ခွင့်ပေး ဖို့ပြော တယ်၊ဒါ ပြောသင့် ပြောထိုက် တဲ့ကိစ္စ တွေ ဘဲဗျာ။ ဘာလို့  ကျောင်း သား တွေကို ထပ် ပစ် သတ် ခဲ့ ရ သ လဲ။

(၁၉၂၀) ခေတ် ဘဲ ဖြစ် ဖြစ်၊ (၁၉၆၂ ) ခေတ် ဘဲ ဖြစ် ဖြစ်၊ (၁၉၇၄) ခေတ် ဘဲ ဖြစ် ဖြစ်၊ (၁၉၈၈) ခေတ်ဘဲ ဖြစ် ဖြစ်၊ အခုခေတ် ဘဲ ဖြစ် ဖြစ်၊ နောင် ခေတ် ဘဲ ဖြစ် ဖြစ် ကျောင်း သား ဟာ မတရား တာ ကို ငုံ့ ခံမှာ မဟုတ် ဖူး ဆိုတဲ့ ကျောင်း သားစိတ် ဓါတ်ဟာ အ တူ တူ ဘဲ။

ကျောင်းသား တွေက မိ မိ တို့ သဘောထား တွေကို အေးအေး ဆေးဆေး ဘဲထုတ်ဖေါ် ပြောဆို တာ၊ တ ကယ် တမ်း ဆူ ပူ မှုကိုဖန် တီးခဲ့ ဘယ် သူ တွေ လည်း၊ အုပ်ချုပ်သူ တွေနဲ့ အမိန့်  ဆိုရင် ပြီးရော ဆိုတဲ့ လူသတ်ရဲ သူတွေ ဘဲ။

၁၉၈၈ နှစ် အစ ပိုင်းမှာ လမ်းမ ပေါ်ထွက်ပြီး ကျွန်တော် တို့ ရဲ့သဘောထား တွေကို ထုတ် ဖေါ် ပြ တုန်း က ဆိုရင် ဘယ်သူ မှာ မြှောက် ပေးခဲ့တာ မဟုတ်ဖူး၊ ကျောင်းသား တစ်ဦး အနေနဲ့  ပါဝင် သင့်တယ် လို့ခံယူခဲ့ လို့ အရဲ စွန့်  ပြီး ထွက်ခဲ့ တာ။

အဲ့ဒီအချိန် တုန်း ကဘယ် ကျောင်း သား တွေ ဘါလည်း ဆိုတာအုပ်ချုပ်သူ တွေက မျက်စိ ဒေါက်ထောက် ကြည့် နေ ကြပြီ၊ သူတို့  အရင် ခေတ်တုန်း ကလိုဘဲ အကြမ်း ဖက် နှိမ်နှင်း လို့ 
ရတယ် လို့ တွက် ဆထား တယ်နဲ့ တူ တယ်။

ကျောင်းသား တွေရဲ့ သွေးတွေ၊ ပြည်သူ တွေရဲ့ မျက် ရည် တွေ၊ နာ ကျည်း တောက် ခေါက် သံ တွေ၊ မသေ မရှင် နဲ့  ညီး ညူ သံတွေ၊ အလဲ လဲ အပြို ပြို ပြေှးှလွှား သံတွေ ဘ၀ဂ် ညံခဲ့တယ်၊ ပေ တ ရာ လမ်း မပေါ်မှာ အနီရောင် သွေး တွေ စွန်း ထင်း ခဲ့ရတယ်။

ကျောင်းသား ဆိုတာ ဖြူစင် နုနယ် လှ တဲ့ သူ တွေပါ။ အေးချမ်း စွာ စာသင် ချင် ကြတယ်၊ ပျော်ရွှင်စွာ လူငယ် ဘ၀ ကိုဖြတ် ကျော် ချင်ကြ တယ်၊ ခေတ်မှီ တဲ့ စာပေ ပညာ ကို ဆည်း ပူး ချင်ကြ တယ်၊ နိုင်ငံ နဲ့ လူမျိုး အကျိုး ကို အား ကြိုးမာန် တက် ထမ်းဆောင် ချင် ကြ တယ်။

ဒီ ကျောင်းသား တွေ စာသင် ခန်းမ ထဲက နေ ထွက်ပြီး၊ ပေတရာ လမ်းမပေါ် ထက် ရောက် လာ ကြ တာ တိုင်း ပြည် ကို အုပ်ချုပ်နေ တဲ့သူတွေ ကြောင့် ဘဲဗျ။

(၂၆) နှစ်တာ ကာလ အတွင်း မှာ စုတ်ပြတ် သတ် သွား တဲ့ တိုင်း ပြည် ရဲ့  စီး ပွား ရေး၊ လူ မှု ရေး။ ဘာသာ ရေး၊ ပညာ ရေး တွေ တင် မ က ဘူး၊ တိုင်း ပြည် ရဲ့ အ နာဂတ် ဖြစ် တဲ့ လူ ငယ်ကျောင်း သား တွေ ကို ဖိ နှိပ်မှု တွေ ပြု လုပ် ခဲ့လို့ ဘဲ ဆို ရ မှာ ဘဲ။

၁၉၈၈ မတ်လ မှာ ဖြစ်ပွား ခဲ့ တဲ့ စက်မှု ကျောင်းသား တွေ နဲ့  ရပ် ကွက် ကောင် စီ သား ပါ ၀င်တဲ့ သူ တွေ စကားများ ခိုက်ရန် ဖြစ်ပွားခဲ့တာ ကို မျှမျှ တတ မှန်ကန်မှု အပေါ် အ ခြေခံ ပြီး အေးဆေး စွာ ဖြေရှင်း ပေး လို့ ရပါရက် နဲ့ အုပ် ချုပ်သူတွေက ကျောင်းသား တွေဆို ရင် မ ထောင်နိုင် အောင် ဖီထားမှဆိုတဲ့ အညှိုး နဲ့  တစ်ဘက် သတ် လက် နက် အားကိုး ပြီး မိုက်ရိုင်း ပြခဲ့ ကြတယ်။

လုံထိန်း လို့ ခေါ် တဲ့ လုံခြုံမှု ထိန်းသိမ်းရေး လက်နက် ကိုင် အင် အား တွေ နဲ့ အပ်တို တစ် ချောင်း တောင် မရှိတဲ့ ငြိမ်းချမ်း စွာ တောင်းဆို နေတဲ့ ကျောင်းသား တွေ ကို နံ ပါတ် တုတ် တွေ နဲ့ ရိုက်၊ G3 သေ နတ် တွေ နဲ့ ပစ်၊ ဘက်နက် တွေ နဲ့ ထိုးနဲ့ ဗျာ။ ကျွန်တော်တို့  ကျောင်းသား တွေ သွေးမြေ ကျ ခဲ့ရတယ်ဗျ။

မတ်လ (၁၃)ရက်နေ့ က လက်နက် နဲ့ နှိမ် နင်းမှု ကြောင့် ကို ဖုန်းမော် ကျဆုံးခဲ့ ရ တယ်၊ ဆေးရုံ မှာ ကိုစိုးနိုင်ကျ ဆုံးခဲ့ရတယ်။

ကျွန်တော်တို့  ကျောင်း သား တွေ သူတို့  အ တွက် ယူကျုံးမရ ငိုကြွေး ခဲ့ရ တယ်။ လုပ်ရက် ကြ ပါ လားလို့  တွေး မိတိုင်း အ သဲ တ ဆတ် ဆတ် တုန် အောင် နာ ကျည်း ခံပြင်းရတယ်။

ကိုယ် တိုင် ကိုယ် ကျ မပါ ခဲ့ တဲ့ သူတောင် ဒီသတင်း ကြား ရတာနဲ့  မခံ ချင်တဲ့ စိတ်ပေါ် ပေါက်လာ ရတယ်။ ဒါ ဟာ ပြောခဲ့တဲ့ ကျောင်းသား စိတ်ဓါတ် ဘဲဗျ။

စာသင်ခန်း အပြ င်မှာ ကျောင်းဝန်း အပြင် မှာ ကျွန်တော်တို့ ကျောင်းသားတွေကိုရက် ရက် စက်စက်လုပ်နေ ကြတာကို စာသင်ခန်းထဲ ဘယ်ကျောင်းသား က စာသင် မပျက် နေ နိုင် မလဲဗျာ။

မတရားဖူး မတရားဖူး ဆိုတဲ့အသံတွေ နာ ကျည်း စွာ နာကျင်စွာနဲ့ အော် ဟစ် ညီး ညူ နေသံ တွေ ပစ်ခတ်နေ တဲ့ သေနတ်သံတွေ ကြား နေရ တယ်ဗျာ ၊ ဒီတော့ စာသင်ခန်း အပြင်ဘက် ကို ဘယ်လိုရောက်သွားမှန်းမသိဘဲ ရောက် သွား တယ်၊

အသံ တွေ ကြား နေတာ က နေ မျက်စိနဲ့  လက် တွေ့ တွေ့  မြင် လိုက် ရတော့ တစ်ကိုယ် လုံးမှာ ရှိတဲ့ သွေး တွေ ဆူပွက်လာ သလား အောင်းမေ့ ရတယ်၊ သွေးအိုင်ထဲမှာလဲနေတဲ့ သေလု မြော ပါး ဖြစ် နေ တဲ့ ကျောင်းသူ ကျောင်းသား တွေဗျာ။ ကျောင်း သား တစ် ယောက် အ နေနဲ့ ဘ ၀ တစ် လျှောက် မှာ မယုံကြည် နိုင် လောက် တဲ့ ဘယ် တုန်း ကမှ မမြင်ဖူး ခဲ့တဲ့
မြင်ကွင်းဗျာ။

အုပ်ချုပ်သူ တွေရဲ့ လက်ပါး စေတွေ က ပြည်သူ့  ရင်သွေး တွေကို လုပ်ရက်ကြတာ။ အုပ်ချုပ် သူတွေက နိုင်ငံတော်ပိုင် ဆိုတဲ့သတင်း စာ တွေမှာ ညာရေး ကြ သဗျာ။

ကျောင်းသား တွေက ဆူပူ မှုလုပ် လို့ ဖြေ ရှင်းရ ပါတယ်၊ သေပျောက် သူတစ်ဦး တစ် ယောက်မှ မရှိ ကြောင်း အေး ချမ်း စွာဖြေရှင်းလိုက်ကြောင်းနဲ့ ရေး ထားတာတွေ။ နိုင်ငံနဲ့  ပြည်သူ တွေ ကို ဗြောင်လိမ်တယ်။ အရင်က လည်း လိမ်တယ်၊ အခု လည်း လိမ်တယ်၊ နောင်လည်း ဆက် လိမ်ကြ ဦးမှာဘဲ။

ဘယ်လိုဘဲ လိမ် လိမ် ၁၉၈၈ မှာ ရိုက် ထားတဲ့ ဗွီဒီယို မှတ် တမ်း တွေက သက်သေပြ နေ တာမို့  ငြင်းမရပါဖူး။ ၁၉၈၈ မတ်လ(၁၃) ရက် နေ့  ဖြစ်ပွားမှုမှာ စက်မှု တက္ကသိုလ် ကျောင်းဘဲ ပါသေး တယ်။

ကိုဖုန်းမော်တို ၊ကိုစိုးနိုင် တို့  ကျဆုံးသွားကြောင်းနဲ့  အုပ်ချုပ်သူတွေက လက် နက်နဲ့ အ နိုင်ကျင့်ပြီး ရက်ရက်စက်စက် ဖြိုခွဲတဲ့ သ တင်းဟာ ရန်ကုန် တက္ကသိုလ် ဆီပြန့်  သွားတဲ့အ ချိန်မှာ တော့ ကျောင်း သားတွေကိုသတ် နေ ကြ ပြီ၊ မ တ ရားလုပ်နေကြပြီ၊

ကျောင်းသား တွေ သွေး မြေ ကြ ကုန် ပြီ ဆိုတဲ့ ကိုယ် တိုင် ကိုယ်ကျ ပါ ၀င်ခဲ့သူ တွေ မြင်တွေ့  ခဲ့ရ သူ တွေ လွတ် မြောက် ထွက် ပြေး လာ ခဲ့တဲ့ စက်မှုကျောင်းသားတွေနဲ့  အင်းစိန် ဘီပီအိုင် နားက ရပ်ကွက် မှာနေ ကြတဲ့သူ တွေ ပြန် လည် ပြော ပြလာ ကြ တော့ မတ်လ (၁၆) ရက် နေ့  မှာ အင်း ယား ကန် တံ တား ဖြူ ကနေ ကျောင်း သား တွေ သွေး စွန်း တဲ့ဖြစ် ရပ် ထပ်မံ ပေါ် ပေါက် ခဲ့တာ မို့ တံ တားနီ အ ရေး အခင်း ဆို ပြီး ၈၈ ရဲ့  သမိုင်း စာမျက် နှာမှာသွေး စွန်း ရက်တစ် ရက် တိုးခဲ့ ရ တယ် ဆိုပြန်တော့ ဗျာ။ (၈၈ဖြစ် ရပ် မှန် ကို ရဲ ရဲ ပြော မယ်။ ၈၈ ထဲမှာ ကိုယ် တိုင် ကိုယ် ကျ ပါ ၀င် ခဲ့ သူ တစ် ဦး အ နေနဲ့  ကိုယ် တိုင် ပါ ၀င်မှု များ မြင် တွေ့  မှု များ ကြား သိမှု များ ကို ရေးသား ဖေါ် ပြ ခွင့် ရတာ ကျောင်း သား တစ်ယောက် အနေနဲ့  ကျေ နပ် ပါ တယ်)

8888Student: ဆက်လက်ပြောပြပါဦးမည်.....

ကလူသစ် said...

မတ်လ ၁၆ ရက် နေ့မှာ စက်မှု တက္ကသိုလ် ကျောင်း ထဲကို စစ်တပ် က၀င်စီး ခဲ့သေး တယ်။၁၄ ရက် နေ့ နဲ့ ၁၅ ရက် နေ့က ကျောင်း နောက် ဖက် သချိုင်း ပေါက် ကနေ အ၀င် အထွက် လုပ်လို့ ရ သေး ပေ မဲ့ ၁၆ ရက်နေ့မှာ အဲ့ဒီ အ ပေါက် ကိုပါ ပိတ် စောင့်နေ ကြလို့ မသိတဲ့ကျောင်းသား တော်တော် များများ ဖမ်းခံရ တယ်။

အဲ့ဒီက အ၀င် အ ထွက်လမ်းကို အရင်က မသိခဲ့ကြပေမဲ့ အ၀င်အထွက် လုပ်တဲ့ ကျောင်းသား တွေ ကို အဲ့ဖက်ခြမ်းက လူ တွေက လမ်းပြပေးကြ တယ်။ ၁၈ ရက်နေ့မှာ ကျောင်းသားတွေ မြို့ထဲ ထွက်ကြတယ်။တခု ဆိုးသွားတာက ကုလား လူမျိုး တချို့ အ ချက်ပြမီး တွေကို ဖျက် ဆီးတာ မျိုး တွေ လုပ်လာကြတာနဲ့ ရောသွားခဲ့တယ်။

(စစ်တပ်က လဲသတိ ထား မိတယ်။ ဖမ်းမိတဲ့ သူ တွေကို ကုလား ဆင်ဆိုရင် ဘုရားစာ ဆိုပြ ခိုင်းတယ်။ လက် တွေကို သေသေ ချာချာစစ်တယ်။) စည်းကမ်း ရှိဖို့ အရေး ကြီးတယ် ဆိုတာကို သေသေ ချာချာ ပြနေတာပါပဲ။

ညနေပိုင်း ၄ နာရီ လောက် မှာ မြို့ထဲ မှာ ကား အသွား အလာ ရှင်းသွားတယ်။ ဘတ်စကား တွေဘာတွေပေါ့။ စစ် တပ်က လူမစုဖို့နဲ့ ပစ်ခတ် မယ်လို့ အသံချဲ့စက် နဲ့ လှည့်အော် ခဲ့တယ်။ ဒါပေမဲ့ တချို့နေရာ တွေမှာ ဖျက်ဆီး တာတွေ ရှိ နေ တုန်းပဲ။

ရုံး အဆင်း ပြန်လာ ခဲ့တဲ့လူတွေလဲ ကားမရှိ တော့လို့ အားလုံးလိုလို လမ်း လျှောက် ပြန်နေ ခဲ့ရ တယ်။ ရွှေဂုံ တိုင် မီး ပွိုင့်က အဖြစ် အ ပျက်မှာ မီး ပွိုင့်အ ချက်ပြ မီး ကို ဖျက်ဆီးနေတဲ့သူ တွေရော၊ ရုံးက ပြန် လာ တဲ့သူ တွေ ကော၊ ကျောင်းသား တချို့ကိုပါ သိမ်းကြုံး ဖမ်းခဲ့ တယ်။ ပစ်ခတ် ဖမ်းဆီး တာ ဖြစ် တယ်။

ထွက် ပြေးတဲ့သူ တွေ ကို လှံစွပ်နဲ့ လိုက်ထိုးတာ ဖြစ်တယ်။မီးပွိုင့်နား က လျှပ်စစ်ရုံး (ထင်တယ်) က ၀န်ထမ်း တွေပါ အ ဖမ်းခံ ရတယ်။ ဖမ်းမိ တဲ့သူ တွေ ကို ၁တန် ခွဲ ပစ်ကပ် လိုကား တွေ ပေါ်မှာ တင်ထား တယ်။

နောက်တော့ ရွှေဂုံတိုင် ရဲ စ ခန်း ထဲကိုပို့တယ်။ ပြီး တော့ ထောင်ကား တွေ ပေါ် တင် ထားတယ်။ လူတွေ မ တ ရား စုပြုံတင် ထား တော့ ထောင် ကား ထဲမှာ ကျပ် ညုပ် ပူလောင် အိုက်ပြီး ကား အမိုး ကတောင် ချွေးပြန် ကျ လာတာ ရေယို နေ သလို ပဲဖြစ် ခဲ့ကြ တယ်။

ထောင် ကားထဲ မှာ ပဲ လူ တချို့ မေ့မျော ကြ။ သေခဲ့ ကြရ တယ်။ တချို့က ဒဏ်ရာ တွေနဲ့ဖြစ် တယ်။ အဲ့လိုအခြေ အ နေ မျိုးနဲ့ အကြာ ကြီး ထားခဲ့ တယ်။ ရဲ နဲ့ စစ် တပ် က တော့ စခန်း ရှေ့ က ကွက် လပ် မှာညစာ စား နေကြ တယ်။ ထောင် ကားပေါ် က လူတွေ ရေငတ် လွန်းအား ကြီး လို့ ရေ အော် တောင်း ကြ တော့ ရဲ စခန်း က မနေ နိုင်တဲ့ မိန်းမတချို့ ရေလာ တိုက်ကြ ပေမဲ့ စစ်တပ် က တိုက်ခွင့်မ ပေး ဘူး။ ဒီ တော့ လူတွေ က ကား အမိုးက ချွေးပြန် ကျလာတဲ့ အရေစက်ကိုပဲ ပါးစပ် တွေ တ ဟ ဟနဲ့ ၊ တချို့က အတင်း ရုန်းတက်ပြီး လျှာနဲ့လျှက်ကြ၊ လုပ်ကြ ရ တယ်။တချို့ က ချွေး ပြန်နေတဲ့ အင်္ကျီတွေကိုပဲ ပြန်စုပ်ကြတယ်။ ညမိုး စုန်း စုန်း ချုပ် တဲ့အထိ ဒီ အတိုင်း ထားခဲ့ပြီး အင်းစိန် ထောင်ကို မောင်းကြ တယ်။

အင်းစိန်ထောင် အ ပေါက် ၀မှာ ထောင် ကား တွေ ခန ရပ်ထားတုန်း ထောင်ကားပေါ်က ရဲတွေ၊ ထောင်ဝါ ဒါတွေ စီးပွားရှာ ကြ သေးတယ်။

အိမ်ကိုအကြောင်း ကြား ပေးမယ် လိပ်စာပေး၊ တခြားပေး ချင်တာ တွေပေး လိုက် ဆို ပြီး လိုက် ပြော ကြ တယ်။ တချို့ က ပိုက်ဆံ အိပ်တွေ နာရီတွေ အဖိုးတန် တဲ့ ဆွဲကြိုး တွေ စ တာတွေကို အကယ် ထင်ပြီးပေး လိုက်ကြ တယ်။

အိမ်လိပ် စာကိုလဲ ရေး မှတ် သွား တာ တွေ့ ရတယ်။ ထောင် ဆိုတာ ဘယ် လိုလဲ ဆိုတာ မသိသေးတဲ့ လူ တွေ ကို မသဒ္ဓါ ရေ စာ ရှာ စား သွား ကြ သေး တယ်။ ထောင်ဗူးဝ တံခါး အသေး ပေါက်က စ ၀င် တာနဲ့ ရိုက်နှက် နှိပ်စက် တာ စ တော့ တာပဲ။

ထိုင် နေရင်း နဲ့ စစ် ဖိနပ် နဲ့ လှည့်ပတ် ကန် နေ တယ်။ ထောင် ထဲမှာ သွားနေ တဲ့ အ ချိန် ၀ါဒါတွေ တန်း စီ ပြီး အ ကုန်လုံး ကို နံပါတ် တုတ်နဲ့ ရိုက် တယ်။

အခန်း ထဲသွင်းပြီးတော့ လူ စစ်တယ်။ ခုန ပြောသလို ကုလား လူမျိုးတွေကို အဓိက ရွေးထုတ် ခေါ်ကြတယ်။ နောက်တော့ ကွင်းတခုထဲ ပြန်ခေါ်ထုပ်ပြီး မီး မောင်း တွေ ၀ိုင်း ထိုးပြီး တော့ ငုတ် တုတ် ထိုင်ခိုင်း ထား ကြတယ်။

ညနေ ၅ နာ ရီခွဲ ၆ နာရီလောက် က ဖမ်းလိုက် တာ နောက်ဆုံး နေ ရမဲ့ အခန်းထဲ ရောက် တော့ မနက် လင်း ခါနီးနေပြီ။ တောက် လျှောက် နှိပ်စက် ရိုက် နှက်နေခဲ့ တာ ဖြစ်တယ်။

Khin Min Zaw said...
ကလူသစ်ရေ ..စက်မှုတက္ကသိုလ်..ကျောင်းဝင်းထဲကို လုံထိန်းတွေ ၀င် စီး ခဲ့ တာ၁၅ ရက်နေ့  ညနေ ၃ နာ ရီလောက်မှာ ဖြစ်တယ်။ ၁၆ ရက်နေ့ မှာ တံတားနီနေ့ ဖြစ်ခဲ့ပြီလေ။မတ် ၁၃ ဖုန်း မော် နေ့  ဖြစ်ပြီး ၁၄ ရက် နေ့ မှာ ကျောင်း ရှေ့ မှာလုံ ထိန်း တပ်တွေ ပိတ်ထားတယ်။

၁၅ ရက်နေ့ မှာ မှ ၀င် စီးပြီး ကျောင်း ထဲ အဆောင် တွေ ထဲမှာ ရှိတဲ့ ကျောင်းသားတွေကို bullding 1 မှာလူ စု ပြီး စစ်ဆေး တယ်။ ကျောင်းသား တော်တော် များ များ အဖမ်းခံရတယ်။ အုတ်တံတိုင်းကို ကျော် ပြီး နောက်ပေါက်က ထွက်ပြေးသူတချို့ နဲ့ စော ထွက် နိုင်သူ တွေသာ လွတ်ခဲ့တာ ဖြစ်တယ်။

June 22, 2007 5:57 PM
lu said...
ထင် သားပဲ လွဲ တော့မယ်လို့။ ကျေး ဇူး ဗျ ခုလို ပြင်ပေး တာ။ ပြန်တော့ စဉ်း စား သေးတယ်။ သေ ချာ မမှတ်မိ တော့ဘူး။ ဒါ ကြောင့် လွှတ်ထည့် လိုက် တာ။ တံတားနီကိုတော့ မှတ်မိတယ်။ ၀င် ဖမ်း တဲ့နေ့ကို သာ မ မှတ် မိ တော့ တာ။ သေ သေ ချာ ချာ ရေး မှတ် ထား တာ မဟုတ်တော့ လွဲသွား တယ်။

8888Student:
ဇွန် (၂၁) ရက် နေ့ က ဖြစ်တဲ့ အဖြစ် အ ပျက်က မြေ နီ ကုန်း အရေး အခင်းဆိုပြီး သိခဲ့ကြတယ်၊ ဒါပေမယ့် လုံထိန်း တွေရော၊ မြေနီကုန်း မီးပွိုင့် က စမ်း ချောင်း ရဲစခန်း ရော အတော်ကို အထိ နာသွားတယ်။

ရန်ကုန် တက္ကသိုလ် ဘက် ကနေ မြို့ ထဲ က ဆေး တက္ကသိုလ် ဆီကို ဦးတည် ချီတက် လာခဲ့တဲ့ ကျောင်း သား တွေ နောက်ကို ပြည်သူ တွေပါ အား တက် သရော တဖြေး ဖြေး ချင်း ပါ ၀င်ပူး ပေါင်း စ ပြု လာတယ်။
နေ့ လည်ပိုင်း လောက် လုံ ထိန်း နဲ့  ချီ တက်လာသူတွေ ထိပ် တိုက်တိုးကြပြီး ရင် ဆိုင် ကြ ရ တာဘဲ။

၈၈ရဲ့ နှစ်ဆန်း ပိုင်း မတ် လကနေ အင် အားသုံး ဖြိုခွင်း ခဲ့တဲ့ လုံထိန်းတွေကို မခံ နိုင် လွန်းတဲ့ ပြည်သူ တွေကပါ စ ပြီး ပြန် လည် တုန့် ပြန်ခဲ့တာဘဲ။

ဒီ အချိန် မှာ ကျွန်တော်က အလုပ် လုပ် နေတဲ့သူငယ်ချင်းတွေဆီကို သွားရောက်ပြီး ဆွေး နွေးတိုင်ပင် နေတဲ့ အချိန်မှာ မြေနီကုန်းမှာဖြစ်ကြပြီဟေ့လို့  ကြားတာနဲ့ ချက်ချင်းဘဲ မြေ နီ ကုန်းဘက်ကို ဦးတည်ဖို့ လုပ် နေတုန်း သူငယ် ချင်း ပါ လိုက်လာပြီး နှစ်ယောက်သား မြေနီ ကုန်း ကို အမြန်လမ်း လျှောက် ကြတယ်။

ဒီ အချိန်မှာ လိုင်း ကားတွေရော အခြားကား တွေ ရော လမ်းမပေါ် မှာ မသွား တော့ ဖူး။ မြေနီ ကုန်း မီးပွိုင့် လည်း ရောက်ရော ကြည့် လိုက် တော့ မနက်ဖက်က ကျောင်း ဘက်ကနေ ထွက် လာ ခဲ့တုန်းက တွေ့ ခဲ့ ရတဲ့ ကား တွေနဲ့ ရှုတ် ထွေး စွာသွား လာ နေခဲ့တဲ့  နေ ရာဟာ အ ခု တော့ စစ် မြေပြင် ပမာဘဲ အကျည်း တန် မြင်ကွင်း အဖြစ်ပြောင်းလဲသွားတယ်။

မြေ နီကုန်း ကတ္တရာ လမ်းမ ကြီး ဟာ အနက် ရောင် ကနေ ကြေ မွ နေတဲ့ အုတ်နီခဲ အပိုင်း အ စတွေ၊ သွေးကွက် အချို့ တွေ၊ အပြေး အလွှား ပြေး ကြလို့ ပြတ် ကျန် ခဲ့ တဲ့ ဖိနပ် တစ်ပိုင်း တစ်စ တွေ နဲ့  ပွစာ ကြဲ နေ ပြီး အနီ ရောင် လမ်း မကြီး ဖြစ် နေတယ်။

ကျွန်တော် တို့ ရောက် တဲ့အချိန်မှာ တွေ့ မြင် နေရတာကတော့ ရှေ့ တစ်တန်းထိုင် နောက် တစ် တန်း ရပ် နဲ့  စစ် မြေ ပြင် တိုက် ပွဲ ၀င် နေတဲ့ ပုံစံ အတိုင်း သေ နတ်တွေနဲ့  ရှေ့ ကို ချိန် ပြီး တစ်ဆင့် ချင်း တက် လာ နေတဲ့ စစ်သား တွေဘဲ။

သူ တို့ မျက်နှာ တွေ ဟာ ကြမ်း တမ်း စွာနဲ့  ဘီလူး သ ရဲ စီး နေသ လိုဘဲ ရန်ကုန် မြို့ နဲ့  စစ် မြေ ပြင် မှား ပြီး နေတယ်။

အ ထူး ကွန် မန်ဒို တပ် တွေ အ တိုင်း စစ်ယူနီဖောင်း အ ပြင် လည်ပင်းမှာ အနီရောင် အပါတ တွေနဲ့  ရက် ရက် စက် စက် ပစ် သတ် ခဲ့လို့  နာမည် ကြီး နေတဲ့ တပ်မ (၂၂)လေ။

ငြိမ်း ချမ်း စွာတောင်း ဆို နေ တဲ့ ပြည် သူ တွေ ကျောင်းသား တွေ ကို ရန် သူ တဲ့။ ကလူ သစ်ရော၊ မခင် မင်း ဇော် ရော၊ ကျန် တဲ့ သူ တွေပါ ကျွန် တော် ရေး တာတွေ လို နေ ရင် ပြော ပြ ပေးပါ။ မှတ်မိ တာ တွေ ကို ပြန် စဉ်း စား ရင်း ရေး တာ မို့  လို အပ် ချက် တွေ ရှိ နေ မှာ ပါ။

ဇူ လိုင်လ အတွင်း က အခြေအနေလေးတွေ သတိ ရ တုန်း ကျော် ပြော ပြ ရ ရင် - ဒီလိုနဲ့  ပြည် သူတွေ တဖြေး ဖြေး ပါ လာတယ်၊ သိပ်အ များ ကြီး တော့ မဟုတ်သေးဖူး၊ အနည်း အကျဉ်း ဘဲ ရှိ ပါ သေး တယ်။ ဇူ လိုင်လ ကာလပေါ့။

ရေ ဒီ ယိုတွေ က လည်း သတင်း တွေ လွှင့်ထုတ်တယ်၊ အထူး သ ဖြင့် ဘီဘီစီနဲ့  ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနတွေ။ ကျွန်တော် နေတဲ့ နေရာက RC (2) နဲ့  နီးတော့ အဆောင် ကျောင်း သား တစ်ချို့ နဲ့ လည်း တွေ့ ဖြစ်တယ်။

ဒီ အ ချိန် မှာ ကျွန်တော်ရယ်၊ စက်မှု ကကျောင်းသား တစ်ချို့ ရယ်၊ ဒေသ ကောလိပ် (၂) လှိုင် နယ်မြေက ကျောင်း သား တစ်ချို့ ရယ် ရခိုင် အ မျိုး သားကြီးတစ်ယောက် အိမ် မှာ လျှို့  ၀ှက် တွေ့ ကြ ပြီး၊ မဆလ အစိုး ရ ကို သပိတ် မှောက်တဲ့ အင် အား ကို ပိုမို တိုးချဲ့ စည်းရုံး ဖို့ ၊ တက္ကသိုလ် ကျောင်း တွေ က ကျောင်း သား တွေ ရယ်၊ အ ထက်တန်းကျောင်း က ကျောင်းသား တွေရယ်၊ အလုပ် သမား တွေ ရယ် ချိတ်ဆက် ဖို့  တိုင်ပင် ကြ တယ်။

ကျွန်တော် တို့ တစ် တွေဟာ တစ် ဦးနဲ့ တစ်ဦးသိ ကြ ရင်းနှီး ကြတဲ့ သူတွေ မဟုတ် ပေမယ့်၊ မဆလ အစိုးရ ရဲ့  ကျောင်းသား တွေ အပေါ် ရက်ရက် စက်စက် သတ်ဖြတ် နှိမ်နင်း မှု တွေ ကို မခံရပ် နိုင် ကြ လွန်းလို့  မိ မိ အသိ စိတ်နဲ့  ကိုယ် အ နေ နဲ့  တတ်နိုင်အား ရှိ သ လောက် ပါဝင် ကြ ဖို့  လာကြ ရင်း တစ်ဦး ချိတ်ဆက်နဲ့ တစ်ဦး စု စည်းတွေ့ ဖြစ်လာ ကြ တာ။

နေ့ လည် ပိုင်း အချိန် မှာရော ည ပိုင်း အချိန် မှာရော လမ်းမ ပေါ်ထွက် ပြီး တောင်း ဆို မှုတွေ ကြွေးကြော် ခဲ့ ကြ တာ။

သမိုင်း လမ်းမ ပေါ် ရောက် တယ် ဆို ရင် ဘဲ ဘေး ကနေ ရပ်ကြည့် နေ ကြ တဲ့ ပြည် သူ တွေ က လက် ခုတ် တီး အား ပေး ကြ တယ်၊

မိန်း မပျိုလေး တွေက သူ တို့ လက်ထဲမှာ လက်ကိုင် ပုဝါ လေး တွေအ ထပ် လိုက် ကိုင် ထား ပြီး အနား ရောက် ရင် လှမ်း ပေး ကြ တယ်။

ဒီ အ ချိန် မှာ ထောက် လှမ်း ရေး ရန် ကြောင့် မျက်နှာ ကို လက်ကိုင် ပုဝါ စီး ပြီး ထွက် လေ့ ရှိ ကြ တယ်။

မိုးဦး ကာ လ ဆိုတော့ မိုး က လေး ရွာ ရင် လမ်းမ ဘေး ကို ကပ် ပြီး မိုး ခိုလိုက်၊ တစ် ခါ တစ်လေ ကြ တော့ လည်း မိုးစို မှာ လည်း ဂရု မ စိုက် အား တော့ ဖူး။

ဘေး က နေ ကြည့်နေ ကြ တဲ့ သူ တွေ က အားပေး ကြ၊ တစ် ဦး စ နှစ် ဦး စနဲ့ လိုက် ပါလာ ကြတော့ အား တက်၊ ရှေ့ ဆက် ပြီး လျှောက် ကြနဲ့  လူ အုပ် က တစ် ဖြေး ဖြေး များ လာတယ်၊

ဒီ အ ချိန် မှာ နောက်ဘက်ဝေးဝေးကနေ တီ အီး ထ ရပ်ကား တွေနဲ့  လက် နက် ကိုင် စစ် သား တွေ ရောက်လာ ရင် ဘေး က ရပ် ကြည့် နေတဲ့ ပြည် သူ တွေ က ဟို မှာ ဟို မှာ ခွေး တွေ လာ နေ ကြ ပြီ ဆို ပြီး သ တိ တွေ လှမ်း ပေး ကြ တယ်။

ညဘက်ကြပြန်တော့လည်း သမိုင်းလမ်းမပေါ်မှာ ဓါတ်မီးတိုင်အလင်းရောင်တွေ ရှိနေပေမယ့် မီးဒုတ်တိုင်တွေကိုင်ပြီး ချီတက်ထွက်ကြ၊ ကြွေးကြော်သံတွေ အော်ဟစ်နေကြတာ အဝေးကနေ ကြားရတယ်။

ကျွန်တော်လည်း လမ်းမကြီးဘက်ကို ထွက်ကြည့်တော့ မနက်ပိုင်းထက် ညပိုင်းမှာ လူတွေက ပိုများနေတာတွေ့ ရတယ်။ စောစောကပြောသလိုဘဲ အသံတွေက ရင်ကိုတုန်လှုပ်စေတယ်။

ကျွန်တော်လည်း သူတို့ တစ်တွေနဲ့ အတူ လိုက်ပါသွားမိတယ်။ လှည်းတန်းမီးပွိုင့်နားရောက်တဲ့အထိ ပါသွားပေမယ့်  ကျွန်တော်မှာ အကြောင်းတစ်ခုကြောင့်
မလှည့်ပြန်ချင်ဘဲ ပြန်လာခဲ့ရတယ်။

လူအုပ်ကြီးကတော့ ရှေ့ ကို မြို ထဲဘက်ကို ဆက်လက်ချီတက်သွားလေရဲ့ ။ ကျွန်တော့်ရင်ထဲမှာ ခံစားမှုတွေတစ်ပုံကြီးနဲ့ ပြန်လာခဲ့၇တယ်ပေါ့ဗျာ။

3 comments:

ကလူသစ် said...

မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းထဲကို စစ်တပ်က၀င်စီးခဲ့သေးတယ်။
၁၄ ရက်နေ့နဲ့ ၁၅ရက်နေ့က ကျောင်းနောက်ဖက် သချိုင်းပေါက်ကနေ အ၀င်အထွက်လုပ်လို့ရသေးပေမဲ့ ၁၆ ရက်နေ့မှာ အဲ့ဒီအပေါက်ကိုပါ ပိတ်စောင့်နေကြလို့ မသိတဲ့ကျောင်းသားတော်တော်များများဖမ်းခံရတယ်။ အဲ့ဒီက အ၀င်အထွက်လမ်းကို အရင်က မသိခဲ့ကြပေမဲ့ အ၀င်အထွက်လုပ်တဲ့ ကျောင်းသားတွေကို အဲ့ဖက်ခြမ်းက လူတွေက လမ်းပြပေးကြတယ်။
၁၈ ရက်နေ့မှာ ကျောင်းသားတွေ မြို့ထဲထွက်ကြတယ်။တခုဆိုးသွားတာက ကုလားလူမျိုးတချို့ အချက်ပြမီးတွေကို ဖျက်ဆီးတာမျိုးတွေလုပ်လာကြတာနဲ့ ရောသွားခဲ့တယ်။ (စစ်တပ်ကလဲသတိထားမိတယ်။ ဖမ်းမိတဲ့သူတွေကို ကုလားဆင်ဆိုရင် ဘုရားစာဆိုပြခိုင်းတယ်။ လက်တွေကို သေသေချာချာစစ်တယ်။)စည်းကမ်းရှိဖို့ အရေးကြီးတယ်ဆိုတာကို သေသေချာချာပြနေတာပါပဲ။ ညနေပိုင်း ၄နာရီလောက်မှာ မြို့ထဲမှာ ကားအသွားအလာရှင်းသွားတယ်။ ဘတ်စကားတွေဘာတွေပေါ့။စစ်တပ်က လူမစုဖို့နဲ့ ပစ်ခတ်မယ်လို့ အသံချဲ့စက်နဲ့ လှည့်အော်ခဲ့တယ်။ ဒါပေမဲ့တချို့နေရာတွေမှာ ဖျက်ဆီးတာတွေ ရှိနေတုန်းပဲ။ ရုံးအဆင်းပြန်လာခဲ့တဲ့လူတွေလဲ ကားမရှိတော့လို့ အားလုံးလိုလို လမ်းလျှောက်ပြန်နေခဲ့ရတယ်။
ရွှေဂုံတိုင်မီးပွိုင့်ကအဖြစ်အပျက်မှာ မီးပွိုင့်အချက်ပြမီးကို ဖျက်ဆီးနေတဲ့သူတွေရော၊ ရုံးကပြန်လာတဲ့သူတွေကော၊ ကျောင်းသားတချို့ကိုပါ သိမ်းကြုံးဖမ်းခဲ့တယ်။ ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ်။ ထွက်ပြေးတဲ့သူတွေကို လှံစွပ်နဲ့ လိုက်ထိုးတာဖြစ်တယ်။
မီးပွိုင့်နားက လျှပ်စစ်ရုံး (ထင်တယ်) က ၀န်ထမ်းတွေပါ အဖမ်းခံရတယ်။
ဖမ်းမိတဲ့သူတွေကို ၁တန်ခွဲ ပစ်ကပ်လိုကားတွေပေါ်မှာ တင်ထားတယ်။ နောက်တော့ ရွှေဂုံတိုင်ရဲစခန်းထဲကိုပို့တယ်။ ပြီးတော့ ထောင်ကားတွေပေါ်တင်ထားတယ်။ လူတွေမတရားစုပြုံတင်ထားတော့ ထောင်ကားထဲမှာ ကျပ်ညုပ် ပူလောင်အိုက်ပြီး ကားအမိုးကတောင် ချွေးပြန်ကျလာတာ ရေယိုနေသလိုပဲဖြစ်ခဲ့ကြတယ်။ ထောင်ကားထဲမှာပဲ လူတချို့ မေ့မျောကြ။ သေခဲ့ကြရတယ်။ တချို့က ဒဏ်ရာတွေနဲ့ဖြစ်တယ်။ အဲ့လိုအခြေအနေမျိုးနဲ့ အကြာကြီးထားခဲ့တယ်။ ရဲနဲ့ စစ်တပ်ကတော့ စခန်းရှေ့က ကွက်လပ်မှာ
ညစာစားနေကြတယ်။ ထောင်ကားပေါ်ကလူတွေ ရေငတ်လွန်းအားကြီးလို့ ရေအော်တောင်းကြတော့ ရဲစခန်းက မနေနိုင်တဲ့ မိန်းမတချို့ရေလာတိုက်ကြပေမဲ့ စစ်တပ်က တိုက်ခွင့်မပေးဘူး။ ဒီတော့ လူတွေက ကားအမိုးက ချွေးပြန်ကျလာတဲ့ အရေစက်ကိုပဲ ပါးစပ်တွေ တဟဟနဲ့ ၊ တချို့က အတင်းရုန်းတက်ပြီး လျှာနဲ့လျှက်ကြ၊ လုပ်ကြရတယ်။
တချို့က ချွေးပြန်နေတဲ့ အင်္ကျီတွေကိုပဲ ပြန်စုပ်ကြတယ်။ ညမိုးစုန်းစုန်းချုပ်တဲ့အထိ ဒီအတိုင်းထားခဲ့ပြီး အင်းစိန်ထောင်ကို မောင်းကြတယ်။
အင်းစိန်ထောင် အပေါက်ဝမှာ ထောင်ကားတွေ ခနရပ်ထားတုန်း ထောင်ကားပေါ်က ရဲတွေ၊ ထောင်ဝါဒါတွေ စီးပွားရှာကြသေးတယ်။ အိမ်ကိုအကြောင်းကြားပေးမယ် လိပ်စာပေး၊ တခြားပေးချင်တာတွေပေးလိုက်ဆိုပြီး လိုက်ပြောကြတယ်။ တချို့က ပိုက်ဆံအိပ်တွေ နာရီတွေ အဖိုးတန်တဲ့ဆွဲကြိုးတွေ စတာတွေကို အကယ်ထင်ပြီးပေးလိုက်ကြတယ်။ အိမ်လိပ်စာကိုလဲရေးမှတ်သွားတာတွေ့ရတယ်။ ထောင်ဆိုတာ ဘယ်လိုလဲဆိုတာ မသိသေးတဲ့ လူတွေကို မသဓါရေစာ ရှာစားသွားကြသေးတယ်။
ထောင်ဗူးဝ တံခါးအသေးပေါက်က စ၀င်တာနဲ့ ရိုက်နှက်နှိပ်စက်တာစတော့တာပဲ။ ထိုင်နေရင်းနဲ့ စစ်ဖိနပ်နဲ့ လှည့်ပတ်ကန်နေတယ်။ ထောင်ထဲမှာ သွားနေတဲ့အချိန် ၀ါဒါတွေ တန်းစီပြီး အကုန်လုံးကို နံပါတ်တုတ်နဲ့ ရိုက်တယ်။ အခန်းထဲသွင်းပြီးတော့ လူစစ်တယ်။ ခုနပြောသလို ကုလားလူမျိုးတွေကို အဓိကရွေးထုတ်ခေါ်ကြတယ်။ နောက်တော့ ကွင်းတခုထဲ ပြန်ခေါ်ထုပ်ပြီး မီးမောင်းတွေဝိုင်းထိုးပြီးတော့ ငုတ်တုတ်ထိုင်ခိုင်းထားကြတယ်။
ညနေ ၅နာရီခွဲ ၆ နာရီလောက်ကဖမ်းလိုက်တာ နောက်ဆုံးနေရမဲ့ အခန်းထဲရောက်တော့ မနက်လင်းခါနီးနေပြီ။ တောက်လျှောက် နှိပ်စက်ရိုက်နှက်နေခဲ့တာဖြစ်တယ်။

ခင်မင်းဇော် said...

ကလူသစ်ရေ
စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲကို လုံထိန်းတွေ ၀င်စီးခဲ့တာ
၁၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဖြစ်တယ်။
၁၆ ရက်နေ့ မှာ တံတားနီနေ့ ဖြစ်ခဲ့ပြီလေ။
မတ် ၁၃ ဖုန်းမော်နေ့  ဖြစ်ပြီး ၁၄ ရက်နေ့ မှာ ကျောင်းရှေ့ မှာလုံထိန်းတပ်တွေ ပိတ်ထားတယ်။
၁၅ ရက်နေ့ မှာမှ ၀င်စီးပြီး ကျောင်းထဲအဆောင်တွေထဲမှာရှိတဲ့ ကျောင်းသားတွေကို
bullding 1မှာလူစုပြီး စစ်ဆေးတယ်။ ကျောင်းသားတော်တော်များများ အဖမ်းခံရတယ်။ အုတ်တံတိုင်းကိုကျော်ပြီး နောက်ပေါက်ကထွက်ပြေးသူတချို့ နဲ့ စောထွက်နိုင်သူတွေသာ လွတ်ခဲ့တာဖြစ်တယ်။

ကလူသစ် said...

ထင်သားပဲ လွဲတော့မယ်လို့။ ကျေးဇူးဗျ ခုလိုပြင်ပေးတာ။
ပြန်တော့စဉ်းစားသေးတယ်။ သေချာမမှတ်မိတော့ဘူး။ ဒါကြောင့် လွှတ်ထည့်လိုက်တာ။
တံတားနီကိုတော့ မှတ်မိတယ်။ ၀င်ဖမ်းတဲ့နေ့ကိုသာ မမှတ်မိတော့တာ။
သေသေချာချာရေးမှတ်ထားတာ မဟုတ်တော့ လွဲသွားတယ်။

/* EOT ----------------------------------------- */